သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

28_Pic_01 28_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်  (၂၇-၁၁-၂၀၁၉) ရက်နေ့၊ နံနက် (၉:၀၀) အချိန်မှ (၁၂:၀၀) နာရီအချိန်အထိ  ပခုက္ကူမြို့၊ အ.ထ.က (၂) ကျောင်း၌ ကျောင်းသား/သူ စုစုပေါင်း (၂၄၀)ဦးကို သဘာဝဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲ၌ ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များဟောပြောခြင်းနှင့် တက်ရောက်လာ သူများအား ဘေး (၈) မျိုးလက်ကမ်းစာစောင်များ၊ ဗလာစာအုပ်၊ ဘောပင်နှင့် ငလျင်ဘေးအသိပညာပေး ဗီနိုင်းပိုစတာတို့ကို ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#mgy_nov2019

Source:           ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events