လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုရစ်ကြီး ကျေးရွာခန်းမ၌ (၂၈-၁၁-၂၀၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၃၀)နာရီအချိန်အထိ ကျေးရွာသူ/သား (၁၁၀) ဦးခန့်ကို သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောခဲ့ရာ ဟောပြောပွဲ၌ သဘာဝဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များဟောပြောခြင်း၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mon_nov2019
Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)