သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

27_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၁-၂၀၁၉) ရက်နေ့၊  (၁၀:၃၀) နာရီအချိန်တွင် သံဖြူဇရပ်မြို့နယ်၊ ကရင်သောင်ကျေးရွာအုပ်စု၊ အနန်းစမ်းကျေးရွာ၊ မူလတန်းလွန်ကျောင်း၌  သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာဗဟုသုတများအား ကျေးရွာနေပြည်သူများ သိရှိနိုင်စေရေးအတွက် ရည်ရွယ်၍ သဘာဝဘေးအသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ သူများနှင့် ကျေးရွာနေပြည်သူများ စုစုပေါင်း (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ၌  သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များ၊ သဘာဝဘေးနှင့်သက်ဆိုင်သည့် ဗဟုသုတများနှင့် DAN Mobile Application သုံးစွဲပုံနည်းစနစ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ar

#mon_nov2019

Source: သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events