Category Archives: News
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁၁-၂၀၁၉) နေ့တွင် မြိတ်မြို့နယ်၊ သစ်ယာဝကျေးရွာအုပ်စု၊ ကန်ပြင်ကျေးရွာတွင်ဖြစ်ပေါ်ခဲ့သော မီးဘေးမှ မီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက်ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး တစ်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးတစ်သိန်းနှင့် လူ (၃) ဦးအတွက် ဆန်ရိက္ခာဘိုးငွေ (၆,၃၀၀) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၁၀၆,၃၀၀) ကျပ်အား (၃၀-၁၁-၂၀၁၉) ရက်နေ့ နံနက် (၉:၁၅) အချိန်တွင် ကြက်ခြေနီတပ်ဖွဲ့နှင့် ပူးပေါင်း၍သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သိရှိရ ပါသည်။ #ha_fir #tny_nov2019 … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (အစည်းအဝေးခန်းမ) ၌ ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ စာရေးဝန်ထမ်းများ စုစုပေါင်း (၂၅၀) ဦးတို့ကိုလည်းကောင်း၊ နေ့လည်ပိုင်း တွင် ကျောက်ပန်းတောင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (လေးရွာ) ရှိ ကျောင်းသား/ သူစုစုပေါင်း (၇၀၀) ဦး တို့အား သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးဆွေးနွေးဟောပြော ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကိုဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။ … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအမှတ်စဉ်(၄/၂၀၁၉) ဆင်းပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉) ရက်နေ့ (၁၅:၃၀)နာရီအချိန်တွင် ကျိုက်မရောမြို့နယ်၊ ရွှေဟင်္သာခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းအမှတ်စဉ်(၄/၂၀၁၉) ဆင်းပွဲအခမ်းအနား ကိုကျင်းပခဲ့ရာ မွန်ပြည်နယ်ဉီးစီးမှူးမှ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား/သူ (၃၀)ဉီးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_nov2019 Source: မွန်ပြည်နယ်ဉီးစီးမှူး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပေါက်ခေါင်းမြို့ နယ်၊ ကင်မွန်ခြုံအုပ်စု၊နတ္တလင်းစုကျေးရွာ၌ (၂၇-၁၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်နေအိမ် (၁) လုံး၊ လူဦးရေ (၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀) ကျပ် နှင့် မီးဟပ်ဒဏ်ရာရဆေးရုံတက်ကုသနေသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်၊ စုစုပေါင်း (၁၆၂,၆၀၀) ကျပ်အား (၂၉-၁၁-၂၀၁၉) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများလက်ဝယ်အ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခြင်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉)ရက်နေ့၊ (၁၃:၀၀)နာရီမှ (၁၅:၃၀)နာရီအထိ မော်လမြိုင်မြို့နယ်၊ မရမ်းကုန်းရပ်ကွက်ရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း သဘာဝဘေးအသိပညာ ပေးဟောပြောဆွေးနွေးခြင်း၊ ဘေးအန္တရာယ်နှင့် ပတ်သက်သောအသိပညာပေး ဗီဒီယိုပြသခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူအင်အားစုစုပေါင်း (၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_nov2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရိက္ခာ ထပ်မံလိုအပ်လျက်ရှိသော ရန်အောင်မြေဘုန်းတော်ကြီးကျောင်း၊ လမ်းမဘုန်းတော်ကြီး ကျောင်း၊ ဖုံညိုလိပကျေးရွာ၊ စေတီတောင်းကျေးရွာ၊ စုရပ်စခန်း (၄) တွင်ရှိသော တိုက်ပွဲ ရှောင်ပြည်သူ အိမ်ထောင်စု (၁,၁၇၉) စု၊ လူဦးရေ (၅,၄၁၀) ဦး အတွက် ဆန်ရိက္ခာ (၁၄) ရက်စာ ဆန် (၇၈၈) အိတ် (၂၃) ပြည်အားလည်းကောင်း၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင် ကျေးရွာအုပ်စု၊ ကျောက်စာတိုင်ကျေးရွာသို့ အသစ်ထပ်မံရောက်ရှိလာကြသော တိုက်ပွဲ ရှောင်ပြည်သူ အိမ်ထောင်စု … Read more
-
အသိပညာပေးနံရံကပ်ပိုစတာများအား မော်လိုက်မြို့ပေါ် လူစည်ကားရာ အရပ်များတွင် ကပ်ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉) ရက်နေ့တွင် မော်လိုက်မြို့ပေါ် လူစည်ကားရာ အရပ်များဖြစ်သော အမြန်ယာဉ်ဂိတ်၊ မော်တော်ကားဂိတ်၊အ.ထ.က ကျောင်းဝန်းနှင့် အ.မ.က ကျောင်းရှေ့ ဘက်များတွင် ငလျင်ဘေးအသိပညာ ပေးနံရံကပ်ပိုစတာများ သွားရောက်ကပ်ခဲ့ကြောင်း သိရှိရပါသည်။ #sgg_nov2019 Source: မော်လိုက်ခရိုင်ဉီးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉)ရက်နေ့ နေ့လည်(၁၃:၀၀)အချိန်မှ (၁၄:၃၀) အချိန် အထိ ပင်လောင်းမြို့နယ် အလကအရှေ့ရပ်၌ ကျောင်းသား/ သူ (၂၀၀)ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်း၊ သရုပ်ပြသခြင်းများအား ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_nov2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉)ရက်နေ့(၁၄:၀၀) အချိန်တွင် ခန္တီးခရိုင်၊ ခန္တီးမြို့နယ်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မြို့မကျောင်း၌ သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောပွဲအားကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်သူ ကျောင်းသား /သူ (၃၃၃) ဦးတို့အား လက်ကမ်းစာစောင်နှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။ #ar #sgg_nov2019 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ (၂၉.၁၁.၂၀၁၉)ရက်နေ့တွင် (၁၅:၀၀)နာရီအချိန်တွင် တွံတေးမြို့နယ်ရှိ ပျော်ဘွယ်လေးကျေးရွာ၊ ဓမ္မသုခကာရီဘုန်းကြီးကျောင်းတွင် ပြည်သူလူထု(၁ဝ၀)ဦးအား သဘာဝဘေးအန္တရာယ် နှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်များ အားဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။ #ar #ygn_nov2019 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)









