တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

30_pic_01
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရိက္ခာ ထပ်မံလိုအပ်လျက်ရှိသော ရန်အောင်မြေဘုန်းတော်ကြီးကျောင်း၊ လမ်းမဘုန်းတော်ကြီး ကျောင်း၊ ဖုံညိုလိပကျေးရွာ၊ စေတီတောင်းကျေးရွာ၊ စုရပ်စခန်း (၄) တွင်ရှိသော တိုက်ပွဲ ရှောင်ပြည်သူ အိမ်ထောင်စု (၁,၁၇၉) စု၊ လူဦးရေ (၅,၄၁၀) ဦး အတွက် ဆန်ရိက္ခာ (၁၄) ရက်စာ ဆန် (၇၈၈) အိတ် (၂၃) ပြည်အားလည်းကောင်း၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင် ကျေးရွာအုပ်စု၊ ကျောက်စာတိုင်ကျေးရွာသို့ အသစ်ထပ်မံရောက်ရှိလာကြသော တိုက်ပွဲ ရှောင်ပြည်သူ အိမ်ထောင်စု (၉) စု၊ လူဦးရေ (၅၇) ဦး အတွက် ဆန်ရိက္ခာ (၁) လစာ ဆန် (၁၇) အိတ် (၁၉) ပြည် (၄) ဘူးအား (၃၀-၁၁-၂၀၁၉) ရက်နေ့တွင် ပြည့်သူ့လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

#ha_otr
#rke_nov2019
Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events