သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

30_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (အစည်းအဝေးခန်းမ) ၌ ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ စာရေးဝန်ထမ်းများ စုစုပေါင်း (၂၅၀) ဦးတို့ကိုလည်းကောင်း၊ နေ့လည်ပိုင်း တွင် ကျောက်ပန်းတောင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (လေးရွာ) ရှိ ကျောင်းသား/ သူစုစုပေါင်း (၇၀၀) ဦး တို့အား သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးဆွေးနွေးဟောပြော ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကိုဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။

#ar
#mdy_nov2019
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events