
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ (၂၉.၁၁.၂၀၁၉)ရက်နေ့တွင် (၁၅:၀၀)နာရီအချိန်တွင် တွံတေးမြို့နယ်ရှိ ပျော်ဘွယ်လေးကျေးရွာ၊ ဓမ္မသုခကာရီဘုန်းကြီးကျောင်းတွင် ပြည်သူလူထု(၁ဝ၀)ဦးအား သဘာဝဘေးအန္တရာယ် နှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်များ အားဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။
Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)