
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁၁-၂၀၁၉) နေ့တွင် မြိတ်မြို့နယ်၊ သစ်ယာဝကျေးရွာအုပ်စု၊ ကန်ပြင်ကျေးရွာတွင်ဖြစ်ပေါ်ခဲ့သော မီးဘေးမှ မီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက်ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး တစ်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးတစ်သိန်းနှင့် လူ (၃) ဦးအတွက် ဆန်ရိက္ခာဘိုးငွေ (၆,၃၀၀) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၁၀၆,၃၀၀) ကျပ်အား (၃၀-၁၁-၂၀၁၉) ရက်နေ့ နံနက် (၉:၁၅) အချိန်တွင် ကြက်ခြေနီတပ်ဖွဲ့နှင့် ပူးပေါင်း၍သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သိရှိရ ပါသည်။
#ha_fir
#tny_nov2019
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)