မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်မှုသတင်း

30_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပေါက်ခေါင်းမြို့ နယ်၊ ကင်မွန်ခြုံအုပ်စု၊နတ္တလင်းစုကျေးရွာ၌ (၂၇-၁၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်နေအိမ် (၁) လုံး၊ လူဦးရေ (၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀) ကျပ် နှင့် မီးဟပ်ဒဏ်ရာရ‌ဆေးရုံတက်ကုသနေသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်၊ စုစုပေါင်း (၁၆၂,၆၀၀) ကျပ်အား (၂၉-၁၁-၂၀၁၉) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများလက်ဝယ်အ ရောက် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်းသိရှိရပါသည်။

#ha_fir
#bgo_nov2019
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events