Category Archives: News
-
တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဘူးသီးတောင် မြို့နယ်၊ သေကံခွဆုံကျေးရွာအုပ်စု၊ ခွဆုံ (ရခိုင်) ကျေးရွာတွင် ရောက်ရှိနေကြသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၂၃) စု၊ လူဦးရေ (၄၆၈) ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာ (၁၄၆) အိတ်၊ (၆) ပြည်တို့အား (၂-၁၂-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #otr #rke_dec2019
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည်(၂-၁၂-၂၀၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)မှ(၁၂:၀၀)ထိ တာချီလိတ်မြို့ မိုင်းဖုန်းကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၌ တက်ရောက်သူကျောင်းသား/သူစုစုပေါင်း(၁၈၀)ဦး အားလည်းကောင်း၊ နေ့လည်ချိန် (၁၃:ဝဝ) မှ(၁၅:ဝဝ) ထိ မိုင်းဖုန်းကျေးရွာအုပ်စု၊ ပါခုတ်ကျေးရွာ၊ အခြေခံမူလတန်းလွန်ကျောင်း၌ တက်ရောက်သူ ကျောင်းသား /သူဦးရေ(၁၅၀)ဦး အားလည်းကောင်း၊ သဘာ၀ဘေးနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ရာသီဥတုပြောင်းလဲခြင်းနှင့် ၄င်း၏သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သော ဘေးအန္တရာယ်များ၊ သဘာ၀ဘေးအန္တရာယ်များအကြောင်း၊ ဘေးအန္တရာယ်မဖြစ်ပွါးမီ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ်နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ … Read more
-
မီးဘေးသင့်နေအိမ်နှင့် ကမ်းပြိုဘေးသင့်နေအိမ်အတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးမြို့၊ အောင်မေတ္တာရပ်ကွက်၌ (၂၈.၁၁.၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံငွေ (၁၀၀,၀၀၀/-) ကျပ်နှင့်၊ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄,၂၀၀/-) ကျပ်နှင့် စော်ဘွား ရေရှင်ကျေးရွာ၌ (၂၉.၁၁.၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားသော မီးဘေးသင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၆,၃၀၀/-) ကျပ်၊ Family Kits (၁) … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ထော်ကလို့ကျေးရွာအုပ်စု၊ ပုလုကျေးရွာတွင် (၂.၁၂.၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားသော မီးဘေးကြောင့် မီးဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးပါ အိမ်ထောင်စုတစ်စုစာ၊ စုစုပေါင်းလူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ(၈၄၀၀)ကျပ်တို့ကို (၃.၁၂.၂၀၁၉)ရက်နေ့(၁၃:၀၀) နာရီအချိန်တွင် ပုလုကျေးရွာရှိ မီးဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရှိပါသည်။ #ha_fir #ayy_dec2019 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများနှင့်ပူးပေါင်း၍ (၃-၁၂-၂၀၁၉)ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်အထိ လောင်းလုံးမြို့နယ်၊ မင်းရပ်ရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/သူ စုစုပေါင်း (၁၀၀)ဦးကို သဘာဝဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲ၌ ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များဟောပြောခြင်းနှင့် တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေးဗွီဒီယိုပြသခြင်း၊ သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး လောင်းလုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar … Read more
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းပေါက်ကွဲမှုကြောင့် ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာအုပ်စု၊ ရေချမ်းပြင်ကျေးရွာမှ ဒဏ်ရာရရှိသူ နော်ဘီဟူဆောင်း (ဘ)အာမိန်ဟူဆောင်း အသက်(၁၂)အတွက် ဒဏ်ရာရထောက်ပံငွေ(၅၀၀၀၀/-)အား (၃-၁၂-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_dec 2019
-
တိုက်ပွဲဖြစ်ပွားမှုများကြောင့် သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် နေထိုင်၍ ပညာသင်ကြားနေကြသည့် ကျောင်းသား/သူ များအတွက် ဆန်ရိက္ခာများ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဘူးသီးတောင် မြို့နယ်၊ ရွာမကျေးရွာအုပ်စု၊ ရွာမကျေးရွာ၊ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် နေထိုင်၍ ပညာသင်ကြား နေကြသည့် ကျောင်းသား/သူ (၄၉) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ (၁၅) အိတ်၊ (၇) ပြည်၊ (၄) ဘူးတို့အား (၃-၁၂-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #otr #rke_dec2019
-
ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သပိတ်ကျင်းမြို့နယ်တွင်း၌ (၂၈-၁၁-၂၀၁၉) ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စု (၁၇၆) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုး (၁၇၆) အိမ်ထောင်စာ၊ အိမ်ခြေ (၁၇၇) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၆,၄၅၀,၀၀၀/-) ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၄) ကျောင်းအတွက် ထောက်ပံ့လှူဒါန်းငွေ (၄၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၆,၈၅၀,၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ (၁၇၆) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၂-၂၀၁၉) ရက်နေ့၊ (၁၃:ဝ၀) ချိန်မှ (၁၄:၃၀) ချိန်အထိ တပ်ကုန်းမြို့၊ ညောင်လွန့် (အ.ထ.က) စာသင်ကျောင်းတွင်ကျောင်းသား/သူများ သဘာဝဘေးအန္တရာယ်များနှင့် ပက်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို ကျောင်းသား/သူ (၄၀၀) ဦးအား အသိပညာပေးဟောပြော ခဲ့ပြီးတက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာ၊ နံရံကပ်ပိုစတာနှင့် မုန့်များဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #npw_Dec_2019 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၂-၂၀၁၉)ရက်နေ့တွင် မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေသီလာခန်းမတွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအမှတ်စဉ်(၃/၂၀၁၉)အား သင်တန်းသား(၃၀)ဦးဖြစ် ဖွင့်လှစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #tny_dec 2019









