တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဘူးသီးတောင် မြို့နယ်၊ သေကံခွဆုံကျေးရွာအုပ်စု၊ ခွဆုံ (ရခိုင်) ကျေးရွာတွင် ရောက်ရှိနေကြသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၂၃) စု၊ လူဦးရေ (၄၆၈) ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာ (၁၄၆) အိတ်၊ (၆) ပြည်တို့အား (၂-၁၂-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#otr
#rke_dec2019

Sign Up

Upcoming Events