လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သပိတ်ကျင်းမြို့နယ်တွင်း၌ (၂၈-၁၁-၂၀၁၉) ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စု (၁၇၆) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုး (၁၇၆) အိမ်ထောင်စာ၊ အိမ်ခြေ (၁၇၇) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၆,၄၅၀,၀၀၀/-) ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၄) ကျောင်းအတွက် ထောက်ပံ့လှူဒါန်းငွေ (၄၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၆,၈၅၀,၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ (၁၇၆) အိမ်ထောင်စုစာ တို့အား မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ မန္တတိုင်း ဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးဌာနမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ သပိတ်ကျင်းမြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန တာဝန်ရှိသူများမှ (၂-၁၁-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပြီး ငလျင် ဒဏ်ကြောင့် ပျက်စီးခဲ့သောနေရာများအား ကွင်းဆင်းကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ha_eqk
#mdy_dec2019