မီးဘေးသင့်နေအိမ်နှင့် ကမ်းပြိုဘေးသင့်နေအိမ်အတွက်ထောက်ပံ့မှုသတင်း

3 _ Pic _ 01 3 _ Pic _ 02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးမြို့၊ အောင်မေတ္တာရပ်ကွက်၌ (၂၈.၁၁.၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံငွေ (၁၀၀,၀၀၀/-) ကျပ်နှင့်၊ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄,၂၀၀/-) ကျပ်နှင့် စော်ဘွား ရေရှင်ကျေးရွာ၌ (၂၉.၁၁.၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားသော မီးဘေးသင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၆,၃၀၀/-) ကျပ်၊ Family Kits (၁) ပုံး၊ စုစုပေါင်းထောက်ပံ့ငွေ ကျပ် (၁၁၀,၅၀၀/-) ကျပ်တို့အား (၃.၁၂.၂၀၁၉) ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်အတူ ကလေး မြို့နယ်စီမံခန်ခွဲမှုကော်မတီ ဥက္ကဌရုံးခန်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_fir
#ha_rbe
#sgg_dec2019

Sign Up

Upcoming Events