လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည်(၂-၁၂-၂၀၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)မှ(၁၂:၀၀)ထိ တာချီလိတ်မြို့
မိုင်းဖုန်းကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၌ တက်ရောက်သူကျောင်းသား/သူစုစုပေါင်း(၁၈၀)ဦး
အားလည်းကောင်း၊ နေ့လည်ချိန် (၁၃:ဝဝ) မှ(၁၅:ဝဝ) ထိ မိုင်းဖုန်းကျေးရွာအုပ်စု၊ ပါခုတ်ကျေးရွာ၊ အခြေခံမူလတန်းလွန်ကျောင်း၌ တက်ရောက်သူ
ကျောင်းသား /သူဦးရေ(၁၅၀)ဦး အားလည်းကောင်း၊
သဘာ၀ဘေးနှင့်စပ်လျဉ်း၍ အသိပညာပေး
ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ရာသီဥတုပြောင်းလဲခြင်းနှင့် ၄င်း၏သက်ရောက်မှုများကြောင့်
ဖြစ်ပွါးတတ်သော
ဘေးအန္တရာယ်များ၊ သဘာ၀ဘေးအန္တရာယ်များအကြောင်း၊ ဘေးအန္တရာယ်မဖြစ်ပွါးမီ ဖြစ်ပွါးနေစဉ်နှင့်
ဖြစ်ပွါးပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ်နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊
ဘေးအမျိုးအစားအလိုက် ဘေးကျရောက်လာပါက တုန့်ပြန်ဆောင်ရွက်သည့်အနေအထားများကိုပြသခြင်း၊
ဂိမ်းများကစားခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_dec2019
Source: တာချီလိတ်မြို့နယ်ဦးစီးမှုးရုံး(ဘစမ)