လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ထော်ကလို့ကျေးရွာအုပ်စု၊ ပုလုကျေးရွာတွင် (၂.၁၂.၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားသော မီးဘေးကြောင့် မီးဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးပါ အိမ်ထောင်စုတစ်စုစာ၊ စုစုပေါင်းလူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ(၈၄၀၀)ကျပ်တို့ကို (၃.၁၂.၂၀၁၉)ရက်နေ့(၁၃:၀၀) နာရီအချိန်တွင် ပုလုကျေးရွာရှိ မီးဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရှိပါသည်။
#ha_fir
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)