Category Archives: News
-
မီးဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ ခရုတောကျေးရွာ၌ (၁-၁၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀ဝိ/-) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၁၀,၅၀ဝိ/-) ကျပ်တို့အား (၃-၁၂-၂၀၁၉) ရက်နေ့တွင် တန့်ဆည်မြို့နယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ (၃-၁၂-၂၀၁၉) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် သုံးခွမြို့နယ်ရှိ မှိုကုန်းသာကျေးရွာ မှိုကုန်းသာ-အောင်သာဒါန်း ကျောင်းတိုက်တွင် ပြည်သူလူထု (၁၀၀) ဉီးအား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာ စောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #ygn_dec2019 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဉီးစီးမှူးရုံး(ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
Source:နေ ပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) ******************************************* လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူ များနှင့် ပူးပေါင်း၍ (၃-၁၂-၂၀၁၉) ရက်နေ့တွင် တပ်ကုန်းမြို့ အ.ထ.က(၁) စာသင်ကျောင်း၌ (၀၉:ဝဝ) အချိန်မှ (၁၁:၃၀) နာရီအချိန်အထိ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ ဆရာမ များနှင့်ကျောင်းသား/သူ စုစုပေါင်း (၂၅၀) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၁၂.၂၀၁၉)ရက်နေ့၊ (၁ဝး၀၀)နာရီမှ (၁၂း၀၀) နာရီအထိ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာ၊ ရွှေကျောင်းကြီး (ဓမ္မာရုံ)၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍အသိပညာပေးဟောပြောဆွေးနွေးခြင်းတို့အားကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူနှင့်ပြည်သူလူထုအင်အား စုစုပေါင်း(၂၃၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #mon_dec2019 Soruce: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကျောက်တိုင်ကျေးရွာအုပ်စု၊ ကျောက်တိုင်ကျေးရွာ၌ (၂-၁၂-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၆)လုံး အိမ်ထောင်စု (၆)စုမှ လူဦးရေ (၁၈)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀ဝဝဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၃၇၈၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၆၃၇၈၀ဝိ/-) အား (၃-၁၂-၂၀၁၉) ရက်နေ့ (၁၄:၃၀)နာရီ အချိန်တွင် ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဘူးသီးတောင် မြို့နယ်၊ သေကံခွဆုံကျေးရွာအုပ်စု၊ ခွဆုံ (ရခိုင်) ကျေးရွာတွင် ရောက်ရှိနေကြသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၂၃) စု၊ လူဦးရေ (၄၆၈) ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာ (၁၄၆) အိတ်၊ (၆) ပြည်တို့အား (၂-၁၂-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #otr #rke_dec2019
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည်(၂-၁၂-၂၀၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)မှ(၁၂:၀၀)ထိ တာချီလိတ်မြို့ မိုင်းဖုန်းကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၌ တက်ရောက်သူကျောင်းသား/သူစုစုပေါင်း(၁၈၀)ဦး အားလည်းကောင်း၊ နေ့လည်ချိန် (၁၃:ဝဝ) မှ(၁၅:ဝဝ) ထိ မိုင်းဖုန်းကျေးရွာအုပ်စု၊ ပါခုတ်ကျေးရွာ၊ အခြေခံမူလတန်းလွန်ကျောင်း၌ တက်ရောက်သူ ကျောင်းသား /သူဦးရေ(၁၅၀)ဦး အားလည်းကောင်း၊ သဘာ၀ဘေးနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ရာသီဥတုပြောင်းလဲခြင်းနှင့် ၄င်း၏သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သော ဘေးအန္တရာယ်များ၊ သဘာ၀ဘေးအန္တရာယ်များအကြောင်း၊ ဘေးအန္တရာယ်မဖြစ်ပွါးမီ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ်နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ … Read more
-
မီးဘေးသင့်နေအိမ်နှင့် ကမ်းပြိုဘေးသင့်နေအိမ်အတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးမြို့၊ အောင်မေတ္တာရပ်ကွက်၌ (၂၈.၁၁.၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံငွေ (၁၀၀,၀၀၀/-) ကျပ်နှင့်၊ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄,၂၀၀/-) ကျပ်နှင့် စော်ဘွား ရေရှင်ကျေးရွာ၌ (၂၉.၁၁.၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားသော မီးဘေးသင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၆,၃၀၀/-) ကျပ်၊ Family Kits (၁) … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ထော်ကလို့ကျေးရွာအုပ်စု၊ ပုလုကျေးရွာတွင် (၂.၁၂.၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားသော မီးဘေးကြောင့် မီးဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးပါ အိမ်ထောင်စုတစ်စုစာ၊ စုစုပေါင်းလူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ(၈၄၀၀)ကျပ်တို့ကို (၃.၁၂.၂၀၁၉)ရက်နေ့(၁၃:၀၀) နာရီအချိန်တွင် ပုလုကျေးရွာရှိ မီးဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရှိပါသည်။ #ha_fir #ayy_dec2019 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများနှင့်ပူးပေါင်း၍ (၃-၁၂-၂၀၁၉)ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်အထိ လောင်းလုံးမြို့နယ်၊ မင်းရပ်ရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/သူ စုစုပေါင်း (၁၀၀)ဦးကို သဘာဝဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲ၌ ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များဟောပြောခြင်းနှင့် တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေးဗွီဒီယိုပြသခြင်း၊ သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး လောင်းလုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar … Read more









