Category Archives: News
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်အတွင်း၌ (၇-၁၂-၂၀၁၉) ရက်နေ့နှင့် (၉-၁၂-၂၀၁၉) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၇၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၉,၄၀၀/-)ကျပ်၊ စုစုပေါင်း(၂၉၉,၄၀၀/-) ကျပ်တို့အား (၁၀-၁၂-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #mon_dec2019
-
ငလျင်ဘေးအသိပညာပေးဟောပြောပွဲနှင့်သရုပ်ပြလေ့ကျင့်မှုပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြက်ခြေနီတပ်ဖွဲ့နှင့်ပူးပေါင်း၍ (၁၀-၁၂-၂၀၁၉) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် မကွေးမြို့နယ်၊ အ.ထ.က ကျောင်း၊ ဖိုလေးလုံးကျေးရွာ တွင် ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဟောပြောခြင်းနှင့် ငလျင်လှုပ်နေစဉ် ဘေးကင်းစွာနေထိုင်နည်းတို့ကို ဟောပြောခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/သူ(၃၅၀)ဦး တက်ရောက်ခဲ့ပါသည်။ ထို့နောက် (၁၄:၀၀) နာရီတွင် ငလျင်ဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ရာ အန္တရာယ်ကင်း စုဝေးရပ်သို့ ဆရာ/ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့တို့၏ ကြီးကြပ်မှုဖြင့် ရွှေ့ပြောင်းခြင်း၊ အကာအကွယ်ယူခြင်း၊ ဒဏ်ရာရကျောင်းသား/သူများကို ရှေးဦးသူနာပြုစုကုသခြင်း၊ အရေးပေါ်လူနာများအား သတ်မှတ်ရာဆေးခန်းများသို့ … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၁၉)ရက်နေ့မှ(၁၂-၁၂-၂၀၁၉)ရက်နေ့ထိ ကော့ကရိတ်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ အမက(၁၅)ကျောင်း၌ (ADRA Myanmar)တို့ နှင့်ပူးပေါင်း၍ သဘာဝဘေးလျော့ပါးရေး အသိပညာပေးသင်တန်းကို ကျောင်းသားမိဘများနှင့် ကျောင်းကော်မတီဝင် စုစုပေါင်း(၃၃)ဦးတို့ဖြစ် (၃)ရက် ကြာဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Sourceး ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn_dec 2019
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှုးရုံး မှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ သက္ကယ်တန်းအုပ်စု၊ ရွှေဝါထွန်းကျေးရွာတွင် (၅-၁၂-၂၀၁၉) နေ့တွင် ကမ်းပြိုဘေးသင့် အိမ်ခြေ(၁၂)လုံး၊ ၄င်းအိမ်ထောင်စု (၁၂) စုရှိ လူဦးရေ(၅၁) ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ(၁၂၀,၀၀၀၀) ကျပ် ဆန်ရိက္ခာဖိုးငွေ(၁၀,၇၁၀၀)ကျပ် စုစုပေါင်း ထောက်ပံ့ရန်ပုံ ငွေ(၁,၃၀၇,၁၀၀)ကျပ်ကို (၁၀-၁၂-၂၀၁၉) ရက်နေ့၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့် ပြည်သူများလက်၀ယ်သို့အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_dec2019 Source: အင်္ဂပူမြို့နယ်ဦးစီးမှုးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၁၉)ရက်နေ့ (၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီအထိ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ကျုံတနော်တောင်ကျေးရွာအုပ်စု၊ ကျုံတနော်တောင်ကျေးရွာတွင် ပြည်သူလူထု (၁၂၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်စေသည့်ဆိုးကျိုးများနှင့် ရာသီဉတုပြောင်းလဲခြင်းဆိုင်ရာ အသိပညာဗဟုသုတများ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောပွဲပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_dec 2019
-
သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၉-၁၂-၂၀၁၉) ရက်နေ့တွင် ဖျာပုံ မြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ အောက်ဆိပ်ကွင်းကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ရာ ကျေးရွာသူ/သား (၁၂၃) ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာ စောင်များ ဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_dec2019
-
ဘဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၁၂.၂၀၁၉)ရက်နေ့ နံနက် (၀၉:၃၀) အချိန်မှ( ၁၁:၀၀)အချိန်အထိ ပင်လောင်းမြို့နယ်၊ အထက ဆောင်းပြောင်း၌ ကျောင်းသား/သူ (၄၀၀)ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်းသရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၁၉) ရက်နေ့၊ (၀၉:၃၀) ချိန်မှ (၁၁:၀၀) ချိန်အထိ ဥတ္တရသီရိမြို့နယ်၊ Victorious Land ကိုယ်ပိုင်အထက်တန်း ကျောင်းတွင် ကျောင်းသား/သူ (၁၆၀) ဦးအား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိ ပညာပေးဟောပြောခြင်း၊ ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူနေထိုင် ရမည်ကို အသိပညာပေးဟောပြောခြင်း၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာနှင့် နံရံကပ်ပိုစတာများ ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူအခြေခံသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၁၉) ရက်နေ့တွင် မြဝတီခရိုင်/မြို့နယ် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲအခမ်းအနားအား ကျင်းပခဲ့ရာ မြဝတီ ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးမှ တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ခရိုင်၊ မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ MRCS၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းနှင့် သင်တန်းသူ/သင်တန်းသားများ တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #krn_dec2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၂-၂၀၁၉)ရက်နေ့ (၁၄:၀၀)နာရီမှ (၁၅:၃၀)နာရီအထိ လွိုင်ကော်မြို့နယ်၊ အ.ထ.က(ခွဲ)(ဝါရီကော်ခူ)ကျောင်းရှိ ကျောင်းသား/ ကျောင်းသူ(၁၁၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_dec 2019









