လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်အတွင်း၌ (၇-၁၂-၂၀၁၉) ရက်နေ့နှင့် (၉-၁၂-၂၀၁၉) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၇၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၉,၄၀၀/-)ကျပ်၊ စုစုပေါင်း(၂၉၉,၄၀၀/-) ကျပ်တို့အား (၁၀-၁၂-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#mon_dec2019

Sign Up

Upcoming Events