လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၁၉) ရက်နေ့တွင် မြဝတီခရိုင်/မြို့နယ် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲအခမ်းအနားအား ကျင်းပခဲ့ရာ မြဝတီ ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးမှ တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ခရိုင်၊ မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ MRCS၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းနှင့် သင်တန်းသူ/သင်တန်းသားများ တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#krn_dec2019