
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၁၉) ရက်နေ့၊ (၀၉:၃၀) ချိန်မှ (၁၁:၀၀) ချိန်အထိ ဥတ္တရသီရိမြို့နယ်၊ Victorious Land ကိုယ်ပိုင်အထက်တန်း ကျောင်းတွင် ကျောင်းသား/သူ (၁၆၀) ဦးအား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိ ပညာပေးဟောပြောခြင်း၊ ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူနေထိုင် ရမည်ကို အသိပညာပေးဟောပြောခြင်း၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာနှင့် နံရံကပ်ပိုစတာများ ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
#ar
#npw_dec2019