
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှုးရုံး မှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ သက္ကယ်တန်းအုပ်စု၊ ရွှေဝါထွန်းကျေးရွာတွင် (၅-၁၂-၂၀၁၉) နေ့တွင် ကမ်းပြိုဘေးသင့် အိမ်ခြေ(၁၂)လုံး၊ ၄င်းအိမ်ထောင်စု (၁၂) စုရှိ လူဦးရေ(၅၁) ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ(၁၂၀,၀၀၀၀) ကျပ် ဆန်ရိက္ခာဖိုးငွေ(၁၀,၇၁၀၀)ကျပ် စုစုပေါင်း ထောက်ပံ့ရန်ပုံ ငွေ(၁,၃၀၇,၁၀၀)ကျပ်ကို (၁၀-၁၂-၂၀၁၉) ရက်နေ့၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့် ပြည်သူများလက်၀ယ်သို့အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_dec2019
Source: အင်္ဂပူမြို့နယ်ဦးစီးမှုးရုံး (ဘစမ)