လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၁၂.၂၀၁၉)ရက်နေ့ နံနက် (၀၉:၃၀) အချိန်မှ( ၁၁:၀၀)အချိန်အထိ ပင်လောင်းမြို့နယ်၊ အထက ဆောင်းပြောင်း၌ ကျောင်းသား/သူ (၄၀၀)ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်းသရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_dec2019
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)