Category Archives: News
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားJICA အဖွဲ့ကလာရောက်တွေ့ဆုံ
နေပြည်တော်၊ဒီဇင်ဘာ၆ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား JICA၏ အကူအညီဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတွင် တာဝန်ထမ်းဆောင်မည့်ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာကျွမ်းကျင်ပညာရှင်ဖြစ်သူMr.SeishiNabesakaဦးဆောင်သောအဖွဲ့သည်ယနေ့မွန်းလွဲပိုင်းတွင်အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင်ဘေးအန္တရာယ်လျော့ပါရေးဆိုင်ရာကျွမ်းကျင်ပညာရှင်Mr. Seishi Nabesake အနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတွင် ၂၀၁၉ခုနှစ်၊ စက်တင်ဘာလမှစတင်၍ တာဝန်ထမ်းဆောင်လျက်ရှိရာရောက်ရှိသည့်အချိန်မှစ၍JICAအဖွဲ့အစည်း၊သက်ဆိုင်ရာဦးစီးဌာနများနှင့်ပူးပေါင်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံတွင်နှစ်စဉ်ကြုံတွေ့ရလေ့ရှိသော ရေဘေးအန္တရာယ် ကာကွယ်ရေးအတွက် Master Plan တစ်ခုရေးဆွဲဆောင်ရွက်နိုင်ရေး၊ ဒေသအလိုက် ရေဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးစီမံချက်များ ရေးဆွဲဆောင်ရွက်နိုင်ရေး၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် သင်တန်းများပူးတွဲပို့ချနိုင်ရေး၊ မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစီမံချက် (၂၀၁၇)၊ ကမ္ဘာလုံးဆိုင်ရာ ဆန်ဒိုင်းမူဘောင်(၂၀၁၅-၂၀၃၀)တို့အကောင်အထည်ဖော်ခြင်းနှင့် စောင့်ကြည့် ကြည့်ရှုခြင်း ဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်နိုင်ရေး၊ … Read more
-
ဒုတိယဝန်ကြီး ဦးစိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ၂၀၁၉ အာရှ-ပစိဖိတ် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညီလာခံသို့တက်ရောက်မှုသတင်း
ဒီဇင်ဘာလ(၆)ရက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးစိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ၄.၁၂.၂၀၁၉ မှ ၆.၁၂.၂၀၁၉ ထိ ကျင်းပပြုလုပ်သည့် ၂၀၁၉ အာရှ-ပစိဖိတ် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညီလာခံသို့ ၄.၁၂.၂၀၁၉နေ့ နံနက်ပိုင်းတွင် ပထမနေ့အဖြစ် တက်ရောက်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲ အခမ်းအနား၌ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr.Vu Duc Dam အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ Chair of ARNEC (Asia-Pacific Regional Network for Early Childhood) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၉)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီမှ(၁၂:ဝဝ)နာရီအထိ မိုင်းဖြတ်မြို့နယ်၊ နမ့်နန်းကျေးရွာအုပ်စု၊ ကချင်းစံပြကျေးရွာ (အ.မ.က) ကျောင်းတွင် ကျေးရွာသူ/ကျေးရွာသား၊ ဆရာ/ဆရာမ ၊ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၆၀)ဦးအား ငလျင်ဘေးနှင့် အခြားသဘာဝဘေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲအားပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး (၈) မျိုး၏ ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များနှင့်မုန့်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Sourceး မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_dec 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆.၁၂.၂ဝ၁၉)နေ့ (၁၂:၃ဝ)မှ(၁၃:၃၀)ထိ လိပ်ခမော်ကျေးအုပ်စု၊လိပ်ခမော်ကျေးရွာ(အ.လ.က)၌ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်ပွားစဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပွားပြီးဆောင်ရန်/ရှောင်ရန်များကိုဟောပြောခြင်း၊ လက်ကမ်းစာစောင်များနှင့် မုန့်များဝေငှခြင်းတို့ဆောင်ရွက်ခဲ့ရာ ဆွေးနွေးဟောပြောပွဲသို့ ဆရာ/မများ ၊ကျောင်းသူ/သားများနှင့် ရွာသူ/ရွာသားများ စုစုပေါင်း (၁၀၀)ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_dec2019 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၁၂.၂ဝ၁၉)နေ့ (၁ဝး.၃ဝ)နာရီမှ (၁၁:၃၀)နာရီအထိ လိပ်ခမော်ကျေးရွာအုပ်စု၊ မလကျွန်းကျေးရွာ (အ.ထ.က)(ခွဲ)၌ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်ပွားစဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပွားပြီး ဆောင်ရန်/ ရှောင်ရန်များကို ဟောပြောခြင်း၊ လက်ကမ်းစာစောင်များနှင့် မုန့်များဝေငှခြင်းတို့ဆောင်ရွက်ခဲ့ရာ ဆွေးနွေးဟောပြောပွဲသို့ မုန့်များ၊ ကျောင်းသူ/သားများ စုစုပေါင်း (၁၀၀)ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_dec2019 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၆-၁၂-၂၀၁၉)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် ထန်းတပင်မြို့နယ်၊ ချောင်းဝကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ကျေးရွာပြည်သူလူထု(၁၀၀)ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်နှင့်မုန့်များဝေငှခဲ့ပြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူးအား ဗီနှိုင်းနှင့်ပိုစတာ များ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #bgo_dec 2019
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၅-၁၂-၂၀၁၉) ရက်နေ့တွင် ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် မိုးကွဲကျေးရွာအုပ်စု၊ ချင်းယားကျေးရွာတွင် ကမ်းပြိုဘေးသင့်ဖြစ်ပွားခဲ့ရာ အိမ်ခြေ(၄)လုံး အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၄) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀ဝိ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၉၄၀ဝိ/-) ကျပ် စုစုပေါင်း ကျပ် ( ၄၂၉၄၀ဝိ/-)တို့အား (၆-၁၂-၂၀၁၉)ရက်နေ့တွင် ရေစကြို မြို့နယ်အထွေထွေအုပ်ချုပ်းရေးဌာနအစည်းအဝေးခန်းမ၌ မိုးကွဲကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_dec2019 Source: … Read more
-
သဘာဝပေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၉) ရက်နေ့တွင်ဖာပွန်မြို့နယ်၊ အ.လ.က(၄)ဖာပွန်ကျောင်း ၌ ကျောင်းသား/သူ (၂၅၀)ဦးတို့ကို မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက် များအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကို အသိပညာပေး နံရံကပ်ပိုစတာများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_dec2019 Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန ္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ (၆.၁၂.၂၀၁၉)ရက်နေ့ နံနက်(၁၀)နာရီမှ (၁၁:၃၀)အထိ မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်တွင် ရပ်ကွက်နေပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ လူဦးရေ(၆၀)ခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_dec2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၉) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ်၊ သရက်ပင်ကျေးရွာ၌ ပြည်သူလူထု (၁ဝ၀) ဦးအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟော ပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့် ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တောင်ပိုင်းခရိုင်ဉီးစီးမှူးရုံး(ဘစမ) #ar #ygn_dec2019









