
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၂-၂၀၁၉) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ နေရပ်စွန့်ခွာပြီး ယာယီခိုလှုံနေထိုင်လျက်ရှိသည့် စုရပ် (၅) ခု ခွဆုံကျေးရွာ၊ အုန်းချောင်းကျေးရွာ၊ စဖိုကျွန်းကျေးရွာ၊ ပြားချောင်းကြီးကျေးရွာ နှင့် ကုန်တန်းကျေးရွာရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၁၃၀) စု၊လူဦးရေ (၆၀၃) ဦး အတွက် ဆန်ရိက္ခာ(၁)လစာ ဆန် (၁၈၈) အိတ် (၁၀)ပြည်(၄)ဘူးအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ဖြင့် တိုက်ပွဲရှောင်ပြည်သူများ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#rke_dec2019
Source: ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)