လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၉) နေ့ နံနက် (၁၁:၀၀)နာရီမှ (၁၂:၃၀)နာရီအချိန်ထိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ တမူးမြို့ အထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား/သူ စုစုပေါင်း(၁၅၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာ များဖြန့်ဝေပေးခဲ့ ပါကြောင်း သတင်းရရှိပါသည်။
#ar
Source: တမူးခရိုင်ဦးစီးမှူးရုံး (ဘစမ)