Category Archives: News
-
School Cum Shelter(၅၀%)ဆောက်လုပ်ပြီးစီးမှုအခြေအနေများအား သွားရောက်စစ်ဆေးမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၉-၁၂-၂၀၁၉) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ဓနိဆိပ်ကျေးရွာအုပ်စု၊ ဓနိဆိပ်ကျေးရွာတွင် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဦးဘန်သိန်းကုမ္ပဏီမှ တာဝန် ယူတည်ဆောက်လျှက်ရှိသော School Cum Shelter (၅၀%) ဆောက်လုပ်ပြီးစီးမှုအခြေအနေများ အား မြို့နယ်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_dec2019
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၉-၁၂-၂၀၁၉) ရက်နေ့တွင် (၁၀:၃၀) နာရီမှ(၁၁:၃၀) နာရီအထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကျိုက်ရွဲကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ၊ (DAN Application) ဖြန့်ဝေခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာဆွေးနွေးမှုများကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထုအင်အား(၁၂၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #bgo_dec2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၂-၂၀၁၉) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ လူမှု၀န်းထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးသင်တန်းကျောင်း ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း(၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးနှင့်စည်ပင်သာရေး ၀န်ကြီး၊ တိုင်းဒေသကြီးဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး/ဌာနဆိုင်ရာများနှင့် သင်တန်းသား/သင်တန်းသူ စုစုပေါင်းလူဦးရေ(၈၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Sourceး တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_dec 2019
-
သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း(BDMC)အမှတ်စဉ် (၂/၂၀၁၉) ဖွင့်ပွဲသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ မြို့နယ်ထွေ/အုပ်အစည်းအဝေးခန်းမ၌ (၉-၁၂-၂၁၀၉) ရက်နေ့တွင် သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း (BDMC) အမှတ်စဉ် (၂/၂၀၁၉) အား ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သင်သန်းသူ/သား စုစုပေါင်းအင်းအား (၆၀) ဦး တို့ဖြင့် သင်တန်းဖွင့်လှစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #bgo_dec2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၂-၂၀၁၉) ရက်နေ့တွင် မုံရွာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားအား မြို့နယ်အုပ်ချုပ် ရေးမှူး/ဌာနဆိုင်ရာများနှင့် သင်တန်းသူ/သင်တန်းသား စုစုပေါင်း လူဦးရေ(၈၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ ပါကြောင်းသတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #sgg_dec2019
-
မုန်တိုင်းဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၁၉) ရက်နေ့၊ (၀၈:၀၀) နာရီချိန်မှ(၁၂:၃၀) နာရီချိန်အထိ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ခမောင်းတုန်း ကျေးရွာ အုပ်စု၊ ခမောင်းတုန်းကျေးရွာ၌ “မုန်တိုင်းဘေးအန္တရာယ်ဝဲသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှုအစီ အစဉ်”ကိုဆောင်ရွက်ခဲ့ပါသည်။ ယင်းဇာတ်တိုက်လေ့ကျင့်ခြင်းအစီအစဉ်တွင် မုန်တိုင်းဘေး အန္တရာယ်နှင့်ပတ်သက်၍ ( ဝါ၊ လိမ်၊ နီ၊ ညို၊ စိမ်း) အရောင်ကာလာအဆင့်များအလိုက် မိမိတို့ရရှိ လာသော သတင်းအချက်အလက်များမူတည်၍ မည်သို့လိုက်နာလုပ်ဆောင်ရမည်များကို ကြိုတင် ဆွေးနွေးသရုပ်ပြခဲ့ပြီးနောက် ပူးပေါင်းပါဝင်သူများမှ စနစ်တကျဆောင်ရွက်ခဲ့ရာ … Read more
-
အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်််ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည်(၈-၁၂-၂၀၁၉)ရက်နေ့၊နေ့လယ်(၁၃:၀၀)မှ(၁၅:ဝ၀)ထိတာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာနှင့် အနီးရှိကျေးရွာငယ်များမှ ရပ်မိရပ်ဖများအပါအဝင် စုစုပေါင်းအင်အား(၁၈၀)ဦးအား အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ရာသီဥတုပြောင်းလဲခြင်းနှင့် ၄င်း၏သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သောဘေးအန္တရာယ်များ သဘာ၀ဘေးအန္တရာယ်များအကြောင်း၊ ဘေးအန္တရာယ်မဖြစ်ပွါးမီ၊ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်းဆောင်ရန်/ရှောင်ရန်များ၊ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးပို့ချခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2019 Source: တာချီလိတ်မြို့နယ်ဦးစီးမှုးရုံး (ဘစမ)
-
မသန်စွမ်းအထူးပညာရေးကျောင်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
ဒီဇင်ဘာ ၈၊ နေပြည်တော် မသန်စွမ်းအထူးပညာရေးကျောင်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနှင့် ပုဂ္ဂလိကပညာသင် အထူးကျောင်း/ ပုဂ္ဂလိက ပြန်လည်ထူထောင်ရေးဌာန တည်ထောင်ခြင်းဆိုင်ရာ စည်းကမ်းချက်များကို ထပ်မံဖြည့်စွက်ဆွေးနွေးခြင်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလလ (၆) ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မသန်စွမ်းသူများသည် လူ့အခွင့်အရေးကို အပြည့်အဝခံစားရရှိနိုင်ရန်နှင့် မသန်စွမ်းသူများအား ခွဲခြားဆက်ဆံခြင်း၊ အကြမ်းဖက်မှုများမှ ကာကွယ်ပေးနိုင်ရန်တို့အတွက် မသန်စွမ်းသူများ၏ အခွင့် အရေးဥပဒေ (၂၀၁၅) ၊ နည်းဥပဒေများ (၂၀၁၇)တို့ကို ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်းကို … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၂-၂၀၁၉) ရက်နေ့တွင် မင်းတပ်မြို့၊ လူငယ်သင်တန်းကျောင်း(၁) တွင် ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူ လူဦးရေ (၁၅၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များ အား အသိပညာပေး ဟောပြောခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #chn_dec2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၁-၂၀၁၉)ရက်နေ့(၀၉:၀၀)နာရီချိန်မှ(၁၀:၃၀)နာရီချိန်အထိ ပူတာအိုမြို့နယ်၊ နမ်ရှယ်ကော့ကျေးရွာရှိ ကျေးရွာနေပြည်သူ(၁၂၀)ဦးခန့်ကို မိမိတို့ဦးစီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များနှင့် သဘာဝဘေးထောက်ပံ့မှုနှုန်းထားများအား အကျယ်တဝင့်ရှင်းလင်းပြောကြားခြင်း၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ(ရေဘေး-မီးဘေး-လေပြင်းမုန်တိုင်းဘေးနှင့် ငလျင်ဘေး) အန္တရာယ်များအကြောင်း ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြော ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ဗီနှိုင်းပိုစတာများအားဖြန်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ပူတာအိုခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kcn_dec 2019









