လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ရိက္ခာထပ်မံ လိုအပ်လျက်ရှိသော ဘူးသီး တောင်မြို့နယ်၊ ခွဆုံ(ဘင်္ဂါလီ) ကျေးရွာနှင့် ဖိုးခေါင်ချောင်း (ဘင်္ဂါလီ) ကျေးရွာ၊ စုစုပေါင်း စုရပ် စခန်း(၂) ခုရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၀၆) စု၊ လူဦးရေ (၅၁၇) ဦးအတွက် ဆန်ရိက္ခာ(၁) လ စာ ဆန်(၁၆၁) အိတ်၊(၁၃) ပြည်၊(၄) ဘူးအား(၁၈-၁၂-၂၀၁၉) ရက်နေ့တွင် ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_otr
#rke_dec2019
Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)