သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း

19_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၁၉) ရက်နေ့၊ နံနက် (၉:၀၀) အချိန်မှ ညနေ (၁၆:၃၀) အချိန်ထိ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင် တောင်ကြီးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းအား တောင်ကြီး မြို့ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ သင်တန်းသား (၅၀) ဦးဖြင့် ကျင်းပခဲ့ပြီး သင်တန်းသား/သူများမှ အပြန်အလှန်ဆွေးနွေးမှုများပြု လုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို (၂၁-၁၂-၂၀၁၉) ရက်နေ့အထိ (၄) ရက်တာကာလဖြင့် ဖွင့်လှစ် သွားမည်ဖြစ် ကြောင်း သတင်းရရှိပါသည်။

Source: ရှမ်းပြည်နယ်ဦးစီးရုံး (ဘစမ)

#ar
#shn_dec2019

Sign Up

Upcoming Events