လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဦးစီး၍ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး မှ သဘာ ဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းကို (၁၈-၁၂-၂၀၁၉) ရက်နေ့ မှ(၂၀-၁၂-၂၀၁၉) ရက်နေ့ထိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (community centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အင်္ဂပူမြို့နယ် အုပ်ချုပ် ရေးမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အင်္ဂပူမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီဝင်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုရေး အဖွဲ့အစည်း တို့မှ သင်တန်းသား/သူ(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_dec2019
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)