မီးဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မကျီးပင် (သုံးခွ)ကျေးရွာအုပ်စု၊ အုန်းတပင်(သုံးခွ)ကျေးရွာ၌(၁၅-၁၂-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၂၀) ဦးအတွက် အိမ်ဆောက်
ပစ္စည်းဖိုး (၅၀၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၄၂,၀၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၅) အိမ်ထောင်စာတို့အား (၁၇-၁၂-၂၀၁၉) ရက်နေ့ (၁၈:၀၀) နာရီအချိန်တွင် မီးဘေးသင့်ပြည်သူများ လက်ဝယ် အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_fir
#ayy_dec2019

Sign Up

Upcoming Events