Category Archives: News
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ (၁၂.၁၂.၂၀၁၉)ရက်နေ့တွင် မြဝတီခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းဆင်းပွဲအခမ်းအနားအား ကျင်းပခဲ့ရာ မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်း၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းလွင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်သူထိုက်တို့မှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး အခမ်းအနားအား ခရိုင်၊ မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသူ/သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #krn_dec2019 Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိ သူများသည် မုဒုံမြို့နယ်၊ မှိန်ကနိမ်းကျေးရွာ၊ ရွာတောင်ပိုင်းတွင် (၁၁-၁၂-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သည့် လူနေအိမ်(၂) လုံးမှ အိမ်ထောင်စု(၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀ဝ/-) ကျပ်၊ လူဦးရေ(၉) ဦး အတွက် (၇) ရက်စာဆန်ဖိုး ထောက်ပံ့ ငွေ(၁၈၉၀ဝ/-) ကျပ်အား (၁၂-၁၂-၂၀၁၉) ရက်နေ့တွင် မီးဘေးသင့်ပြည်သူထံလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွား သင်တန်းဖွင့်ပွဲအခမ်းအနားအား (၁၁.၁၂.၂၀၁၉) ရက်နေ့ (၀၈:၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ မအူပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း(၄၀)ဦးခန့် တက်ရောက်ခဲ့ပြီး သဘာဝဘေးလျော့ပါးရေးစေတနာ့ ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအား သင်တန်းသား၊ သင်တန်းသူ (၃၀)ဦးဖြင့် (၁၁.၁၂.၂၀၁၉)ရက်နေ့မှ (၁၃.၁၂.၂၀၁၉) ရက်နေ့ အထိ သင်တန်းကာလ (၃)ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_dec2019 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၂-၂၀၁၉) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ကျောင်းပိုင်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူလူထု (၆၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များ၊ သဘာဝဘေးနှင့်သက်ဆိုင်သည့် ဗဟုသုတများနှင့် DAN Application သုံးစွဲပုံ နည်းစနစ်များအား ရှင်းလင်းပြောကြားခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_dec2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၁၂-၁၂-၂၀၁၉)ရက်နေ့တွင် မင်းတပ်မြို့၊ မရှိယောအုပ်စု၊ အိမ်မွှင်းကျေးရွာ၌ ပြည်သူလူထု(၈၀)ဦးကို သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ရှောင် ရန်/ဆောင်ရန်အချက်များအား အသိပညာပေးဟောပြောခဲ့ကြပါကြောင်း သတင်းရရှိပါသည်။ Sourceး မင်းတပ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #chn_dec 2019
-
ဒုတိယဝန်ကြီး ဦးစိုးအောင် ဂျပန်နိုင်ငံ၊ တရားရေးရာဝန်ကြီး Ms.MORI Masako နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
ဒီဇင်ဘာလ၁၂၊နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်သည် ဂျပန်နိုင်ငံ၊တရားရေးရာဝန်ကြီး Ms. MORI Massako ဦးဆောင်သောအဖွဲ့အား အဆိုပါဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ယနေ့မွန်းလွဲပိုင်းတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ဧည့်သည်တော် ဂျပန်ဝန်ကြီးက စတင်ဆွေးနွေးရာတွင် ဂျပန်နိုင်ငံမှဝန်ကြီးများအနေဖြင့် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များတွင် တတ်အားသမျှ ပါဝင်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များနှင့်အပြန်အလှန် လေ့လာဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဂျပန်နိုင်ငံတွင် သဘာဝဘေးခံစားရပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်မှု များအား … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး နယူးဇီလန်နိုင်ငံရှိ မသန်စွမ်းလူ့အခွင့်အရေး လှုပ်ရှားသည့်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး
ဒီဇင်ဘာ၁၂၊နယူးဇီလန် နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန်မြို့သို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နယူးဇီလန်နိုင်ငံ မသန်စွမ်း လူ့အခွင့် အရေးကော်မရှင်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏မသန်စွမ်းလူ့အခွင့်အရေး ဖော်ဆောင်မှုအခြေအနေများ၊ UNCRPDဆိုင်ရာ Concluding Observation အရမသန်စွမ်းအမျိုးသမီးများ၊ မသန်စွမ်းကလေးသူငယ်များ၊ မသန်စွမ်းသက်ကြီး ရွယ်အိုများအပါအဝင် မသန်စွမ်းသူအားလုံး၏ အခွင့်အရေးတို့ကိုကဏ္ဍအလိုက် စီစဉ် ဆောင်ရွက်နေမှုများ၊ မသန်စွမ်းသူတို့၏ အခွင့်အရေးများတန်းတူညီမျှ ရရှိရန်ဉပဒေအရ အထောက်အကူ ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်နယူးဇီလန်နိုင်ငံ State Services Commissioner နှင့် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၂-၂၀၁၉) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီ ချိန်အထိ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ ခူးကျေးရွာအုပ်စု၊ သက်ကယ်ပြင်ကျေးရွာ မူလတန်း လွန်ကျောင်း၌ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ကျေးရွာသူ/သားများ စုစုပေါင်း (၁၅၁) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေး ခြင်းနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #rke_dec2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၁၂.၂၀၁၉)ရက်နေ့ နေ့လည် (၁၃:၀၀)အချိန်မှ (၁၄:၁၅)အထိ ပင်လောင်းမြို့နယ်၊ အထက(ခွဲ)ရေဦး၌ ကျောင်းသား/ သူ (၂၅၀)ဦးအားသဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်းသရုပ်ပြသခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၁၂.၂၀၁၉)ရက်နေ့ နံနက်(၀၉:၃၀) အချိန်မှ (၁၁:၀၀)အချိန်အထိ ပင်လောင်းမြို့နယ်၊ အထက(၁)၌ ကျောင်းသား/ သူ (၆၀၀)ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်းသရုပ်ပြသခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)









