မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

25_pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၁၉) ရက်နေ့တွင် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မင်းကွက် (၁) ရပ်ကွက်၊ စည်ပင်လမ်းရှိ ဒေါ်ဆွေရည်မွန်နေအိမ်၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၁၀,၅၀၀) ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၂၁၀,၅၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးတို့အား (၂၄-၁၂-၂၀၁၉) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် ပေါင်းတည်မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေး မှူးဦးဆောင်သော မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့်အတူ ဘေးသင့် ပြည်သူများထံလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

#ha_fir
#bgo_dec2019
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events