မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

25_Pic_01 25_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြင်းခြံမြို့နယ်၊ကျားတိုင်း ကျေးရွာအုပ်စု၊ ကျားတိုင်းကျေးရွာတွင် (၂၃.၁၂.၂၀၁၉)ရက်နေ့(၁၅း၁၅)အချိန်၌ မီးဖိုချောင်ရှိ မီးကြွင်းမီးကျန်မှတဆင့် မီးကူးစက်လောင်ကျွမ်းခဲ့မှုကြောင့် လုံးဝပျက်စီး အိမ်ခြေ (၁၇) လုံး၊ အိမ်ထောင်စု(၁၇)စု၊ စုစုပေါင်းလူဦးရေ(၇၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ(၁၅၃,၃၀၀)ကျပ်၊ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုး၊အိမ်ထောင်စု(၄)စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊အိမ်ထောင်စု(၁၃)စုစာ၊ စုစုပေါင်း (၂,၁၅၃,၃၀၀)ကျပ် (ကျပ်နှစ်ဆယ့်တစ်သိန်းငါးသောင်းသုံးထောင့်သုံးရာတိတိ)အား (၂၄.၁၂.၂၀၁၉)ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မဲဆန္ဒနယ်မြေအမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မဲဆန္ဒနယ်မြေအမှတ်(၂) တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_fir
#mdy_dec2019
Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events