
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၁၉) ရက်နေ့ တွင် ဘားအံမြို့နယ်၊ ခရားအတွင်းကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ် မှုကြောင့် ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် နေအိမ် (၂၃) လုံး အမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါ အမိုးလန်ပျက်စီးနေအိမ် (၂၃) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းတို့အတွက် (၇) ပေ အလူဇင့်သွပ် (၃၂၉) ချပ်အား (၂၅-၁၂-၂၀၁၉) ရက်နေ့တွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လူမှုရေးဝန်ကြီးနှင့်အတူ ပြည့်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။
#ha_sgw
#krn_dec2019
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ (ဘစမ)