လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၁၂-၂၀၁၉) ရက်နေ့တွင် ပခုက္ကူမြို့၊ ရွှေချောင်းအဝိုင်းလမ်းဆုံတွင် မီးဘေးအသိပညာပေးဆိုင်းဘုတ်တစ်ခုစိုက်ထူခဲ့ပြီး ပခုက္ကူမြို့၊ ပြည်သူ့ဆေးရုံကြီးရှေ့၊ အထက(၂)ကျောင်းရှေ့နှင့် ရေစကြိုမြို့ရှောင်လမ်းဆုံတို့တွင်ရှိသော ဗီနိုင်းပိုစတာများနေရာတွင် လျှပ်စီးလက်ခြင်းနှင့်မိုးကြိုးဘေး၊ မီးဘေးနှင့် ငလျင်ဘေးအသိပညာပေး ဗီနိုင်းပိုစတာများအား ပြောင်းလဲတပ်ဆင်ခဲ့ကြောင်း သိရှိရပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)