သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

26_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၂-၂၀၁၉) ရက်နေ့၊ (၁၂:၀၀)အချိန်တွင် ညောင်ဦးမြို့နယ်၊ ကျောက်စစ်ကန်ကျေးရွာရှိ ကျောက်စစ်ကန် ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ဓမ္မစကူးလ် သင်တန်းသား/သင်တန်းသူ (၅၀)ဦးကို ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များ ဟောပြောခဲ့ပြီးနောက် တက်ရောက်လာကြသူများအား မုန့်ထုပ်များနှင့် လက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar

#mdy_dec 2019

 

 

Sign Up

Upcoming Events