Category Archives: News
-
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ (၂၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
၃.၁.၂၀၂၀၊နေပြည်တော် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ (၂၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၃) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကော်မတီဒုတိယဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ကော်မတီတွဲဖက်အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ … Read more
-
အမျိုးသားအဆင့်မိုင်းကင်းစင်ရေးလှုပ်ရှားမှုဆိုင်ရာညှိနှိုင်းအစည်းအဝေးကျင်းပ
ဇန်နဝါရီ၃၊နေပြည်တော် အမျိုးသားအဆင့် မိုင်းကင်းစင်ရေးလှုပ်ရှားမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ မိုင်းကင်းစင်ရေး လုပ်ငန်းသည် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ကြရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးသည် မိုင်းကင်းစင်ရေးလုပ်ငန်းအတွက် အမျိုးသားအဆင့်အဖွဲ့အစည်းတစ်ခု ပေါ်ထွက်လာရေးညှိနှိုင်းကြရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူကြောင့် ဖြစ်သော ဘေး၊ သဘာဝကြောင့်ဖြစ်သော ဘေးများတွင် ဘေးဒုက္ခခံစားကြရသူများအား ပံ့ပိုးကူညီမှု များကို ဆက်စပ်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အလျင်အမြန်တုန့်ပြန်ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဘေးဒုက္ခများတွင်လက်နက်ကိုင်ပဋိပက္ခများကြောင့် မိမိတို့၏အိုးအိမ်၊ စည်းစိမ်များကို … Read more
-
အသိပညာပေးဗီနိုင်းပိုစတာ လဲလှယ်တပ်ဆင်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကောင်စီနယ်မြေအတွင်း ရာသီအလိုက်ဖြစ်ပွားတက်သော ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များကို ပြည်သူများ သိရှိစေရန်အတွက် အသိပညာပေးဗီနိုင်းပိုစတာများအား ပျဉ်းမနားမြို့၊ ရွှေညောင်ပင်ကားဂိတ်နှင့် ရွှေကြာပင်စျေးတို့တွင် (၃-၁-၂၀၂၀) ရက်နေ့၌ လဲလှယ်တပ်ဆင် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar #npw_jan2020
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒေးဒရဲမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာအုပ်စု၊ သက္ကယ်ချောင်း ကျေးရွာ၌ (၁-၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၃,၁၀၀/-) ကျပ်တို့အား (၃-၁-၂၀၂၀) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more
-
သီပေါမြို့နယ်အတွင်း မိုးသည်း ထန်စွာရွာသွန်းပြီး မိုးသီးများကြွေကျခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများကြောင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁-၂၀၂၀) ရက်နေ့ (၂၁:၀၅) နာရီအချိန်တွင် မိုးသည်း ထန်စွာရွာသွန်းပြီး မိုးသီးများကြွေကျခြင်းနှင့် လေပြင်းများတိုက်ခတ်ခြင်းများကြောင့် သီပေါမြို့နယ်အတွင်း ကျေးရွာအုပ်စု(၅)စု၊ ကျေးရွာပေါင်း(၁၀)ရွာမှ အမိုးလန်ပျက်စီးခဲ့သော နေအိမ် (၂၀၁) လုံးအတွက် ထောက်ပံ့ငွေ (၁၀,၅၈၈,၀၀ဝ/-)၊ ပြိုလဲနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးပါ UNICEF Family kit (၇၉,၀၀ဝ/-)(၁)ပုံး၊ လူဦးရေ (၈၁၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇၃၇,၁၀ဝ/-)ကျပ်တို့အား (၃-၁-၂၀၂၀) … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဆပ်သေကျေးရွာအုပ်စု၊ အညာစုကျေးရွာ၌ (၂-၁-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးနေအိမ် (၃)လုံး၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၃)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၃)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,ဝဝဝ/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေေ (၂၇,၃၀ဝ/-) ကျပ်တို့ကို (၃-၁-၂၀၂၀) ရက်နေ့၊ (၁၄:၃ဝ)နာရီအချိန်တွင် ပန်းတနော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိ/ရပ်ဖများ၏ ရှေ့မှောက်၌ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်၊ ဝရကျွန်းကျေးရွာ၊ ကျောက်စာတိုင်ကျေးရွာ၊ ငဖရုံကျေးရွာ၊ ဝါးနက်ရုံကျေးရွာ ၊ရွှေသီးကျေးရွာ၊ ဒုံးသိမ်ကျေးရွာ၊ ခွဆုံ(ရခိုင်)ကျေးရွာ၊ စုရပ်စခန်း (၇) ခုရှိ ရိက္ခာထပ်မံလိုအပ်လျက်ရှိသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၇၅) စု၊ လူဦးရေ (၁၃၂၁) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ (၄၁၂) အိတ်၊ (၁၉) ပြည်၊ (၄) ဘူးတို့အား (၃-၁-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
တိုက်ပွဲရှောင်ကျောင်းသား/သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁-၂၀၂၀)ရက်နေ့တွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့့် ဘူးသီးတောင်မြို့နယ်၊ ရွာမကျေးရွာအုပ်စု၊ ရွာမကျေးရွာ၊ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းတွင်နေထိုင်၍ ပညာသင်ကြားနေကြ သည့် ကျောင်းသား/သူ (၄၉) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ၊ ဆန် (၁၅) အိတ် ၊(၇) ပြည်၊ (၄) ဘူးအား သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_otr #rke_jan 2020 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
တင်ဒါဖွင့်ပွဲ အခမ်းအနားကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံ ငွေဖြင့် ဆောင်ရွက်မည့် ခွင့်ပြုရန်ပုံငွေ (၈၄.၅၇)ကျပ်သန်းဖြင့် မြိတ်ခရိုင်ဦးစီးမှူးရုံး (၅၀’X၃၀ ‘X ၂၈’) RCC (၂) ထပ် သွပ်မိုး၊ ကွန်ကရစ်ကြမ်းခင်း၊ ရေ၊ မီး၊ မိလ္လာ အပါအဝင်ဆောက်လုပ်ခြင်း (၃, ၀၀၀ စတုရန်းပေ) လုပ်ငန်းအတွက် တင်ဒါလျှောက်ထားလာသည့် ကုမ္ပဏီ(၁)ခု၏ Profile စစ်ဆေးခြင်းနှင့် Technical Proposal တင်သွင်းခြင်းအား (၂-၁-၂၀၂၀) ရက်နေ့ (၁၀:၀၀) … Read more
-
အသိပညာပေးဗီနိုင်းပိုစတာ စိုက်ထူမှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁-၂၀၂၀) ရက် နေ့တွင် ဘသာဝဘေးအန္တရာယ်များနှင့် ပတ်သတ်ပြီး ဆောင်ရန်/ရောင်ရန်အချက်အလက်များကို အသိပညာ ဗဟုသုတများ သိရှိနားလည် သဘောပေါက်စေရန်အတွက် မကွေးမြို့၊ တောင်တွင်း လမ်းနှင့်မြင်းကင်းလမ်းထောင့်၌ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်း ပိုစတာ စိုက်ထူခဲ့ ကြောင်းသတင်း ရရှိပါသည်။ #ar #mgy_jan2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)









