လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁-၂၀၂၀) ရက်နေ့ (၂၁:၀၅) နာရီအချိန်တွင် မိုးသည်း ထန်စွာရွာသွန်းပြီး မိုးသီးများကြွေကျခြင်းနှင့် လေပြင်းများတိုက်ခတ်ခြင်းများကြောင့် သီပေါမြို့နယ်အတွင်း ကျေးရွာအုပ်စု(၅)စု၊ ကျေးရွာပေါင်း(၁၀)ရွာမှ အမိုးလန်ပျက်စီးခဲ့သော နေအိမ် (၂၀၁) လုံးအတွက် ထောက်ပံ့ငွေ (၁၀,၅၈၈,၀၀ဝ/-)၊ ပြိုလဲနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးပါ UNICEF Family kit (၇၉,၀၀ဝ/-)(၁)ပုံး၊ လူဦးရေ (၈၁၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇၃၇,၁၀ဝ/-)ကျပ်တို့အား (၃-၁-၂၀၂၀) ရက်နေ့ (၁၆:၀၀) နာရီအချိန်တွင် ပြည်နယ် လွတ်တော် ကိုယ်စားလှယ်၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ပြည်သူများလက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#ha_hstr
#shn_jan2020