ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ (၂၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၃.၁.၂၀၂၀၊နေပြည်တော်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ (၂၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၃) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကော်မတီဒုတိယဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ကော်မတီတွဲဖက်အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ကော်မတီဝင်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါ သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီအနေဖြင့် အကြံပြုချက်များအကောင် အထည်ဖော်ရေးလုပ်ငန်းများ ကို သက်ဆိုင်ရာဌာနအလိုက် တာဝန်ယူလျက် စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပါ ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လုပ်ငန်းများအဆင်ပြေအောင်မြင်ထိရောက်စေရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးများ ဆောင်ရွက်ခဲ့ရာ ယခု(၂၁)ကြိမ်မြောက်အစည်းအဝေးအထိ ကျင်းပနိုင်ခဲ့ပြီဖြစ် ပါကြောင်း၊ ကော်မတီအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများကို ပွင့်လင်းမြင်သာစွာ ပြည်သူသို့ အစီရင်ခံ တင်ပြလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့သောပဋိပက္ခများ၏အရင်းခံသည် ဖွံ့ဖြိုးမှု နိမ့်ကျခြင်းနှင့် လူ့အဖွဲ့အစည်းများအကြား ကာလရှည်ကြာ စွဲမြဲနေသည့်နာကျည်းမှုများ၊ သံသယ စိတ်များအမြင်လွဲမှားမှုများဖြစ်ကြောင်း၊ အဆိုပါပြဿနာများကို ဖြေရှင်းဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာန များနှင့် ကော်မတီအသီးသီးတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်နေကြသည့်အတွက် တိုးတက်မှုများရရှိခဲ့ပါကြောင်း၊ ပြီးခဲ့သည့် (၂၀)ကြိမ်မြောက် အစည်း ဝေးတွင် အကြံပြုချက်များထဲက ဦးစားပေးဆောင်ရွက်ရမည့် ကဏ္ဍများကို ဖော်ထုတ်ပြီး လုပ်ငန်း စီမံချက်များရေးဆွဲခဲ့ကြပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အဆိုပါလုပ်ငန်း၏ ကောင်းကျိုးကို ပြည်သူများက ရရှိခံစားနေကြရကြောင်းထုတ်ဖော်ပြောဆိုခြင်းမရှိရင် အောင်မြင်သည်ဟု မဆိုနိုင် ကြောင်း၊ ထို့ကြောင့်ကော်မတီဝင် ဝန်ကြီးဌာနများအနေဖြင့် အကြံပြုချက်ကဏ္ဍအလိုက် စီမံချက်များ ရေးဆွဲဆောင်ရွက်ရာတွင် မြေပြင်တွင် အမှန်တကယ် ပြောင်းလဲတိုးတက်လာရေးအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိစွာဖြင့် ဆောင်ရွက်ပေးကြရန်နှင့်ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း လက်တွေ့ ဆောင်ရွက်နေကြသောဝန်ထမ်းများနှင့်ပူးပေါင်း၍ပိုမိုအားစိုက်ဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါ ကြောင်း၊ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းဆောင်ရွက် တိုးတက်မှု နှင့် အခက်အခဲ စိန်ခေါ်မှုများစသည့် မြေပြင်အခြေအနေမှန်များကို အချိန်နှင့် တပြေးညီသိရှိဖြေရှင်း ဆောင်ရွက်နိုင်စေရေးအတွက် ဌာနအလိုက် စောင့်ကြည့်လေ့လာခြင်းနှင့် ပြန်လည်ခြုံငုံသုံးသပ်ခြင်း (Monitoring and Evaluation) အဖွဲ့များဖွဲ့စည်းလျက်ဆောင်ရွက်သွားကြရန်နှင့် ကော်မတီသို့ ဆောင်ရွက်မှုအခြေအနေများကို စဉ်ဆက်မပြတ်ပေးပို့ကြရန်လိုအပ်ပါကြောင်း၊ ပဋိပက္ခများကြောင့် လုပ်ငန်းများဆောင်ရွက်မှုများ နှောင့်နှေးခဲ့ရသော်လည်း ဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို ဖော်ထုတ် ဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ လူမှုအသိုင်းအဝိုင်းအကြား ညီညွတ်မှုရှိသည့် နေရာများတွင် Friendly Bazar များတည်ထောင်ပေးခြင်းကဲ့သို့သော လူမှုအသိုင်းအဝိုင်းအကြားပိုမို သဟဇာတဖြစ်ရေး လုပ်ငန်းများကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ များကြောင့် ထွက်ပြေးတိမ်းရှောင်ရသူများကိုလည်း လူဦးရေစာရင်းအလိုက် ထောက်ပံ့ဆောင် ရွက်ပေး နေပါကြောင်း၊ ဆောင်ရွက်ဆဲ အရှိန်အဟုန်ရစပြုနေပြီဖြစ်သည့် မွေးစာရင်းထုတ် ပေးသည့်လုပ်ငန်းနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးနေမှုများ ကိုဆက်လက်ဆောင်ရွက် ပေးကြရန်နှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခွင့်အလမ်းများ ဖန်တီးပေးနေမှုများကို ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးကြရန်လိုပါကြောင်းနှင့် ဆောင်ရွက်ပေးနိုင်မှုများကို မှတ်တမ်းများ ပြုစုထားရှိရန် ဖြစ်ကြောင်း၊လူမှုသဟဇာတဖြစ်ရေးအတွက် စီမံချက်ဖြင့်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အစိုးရ၊ လွှတ်တော်နှင့် ပြည်သူလက်တွဲပူးပေါင်း ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများကို ပါဝင်ဆောင်ရွက်လာရေး စည်းရုံး ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ပြည်တွင်းမှာသာမက ကမ္ဘာကသိရှိနိုင်စေရေး သတင်းများကို တိုတိုနှင့် ထိထိမိမိဖြန့်ဝေဆောင်ရွက်နိုင်စေရေးအတွက် မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ထိထိရောက်ရောက် သတင်းဖြန့်ဝေနိုင်ရေးနည်းလမ်းများကို ရှာဖွေဖော်ထုတ် ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ ကော်မတီ၏ လုပ်ငန်းများ ယခုထက် ပိုမိုတိုးတက် ဆောင်ရွက်နိုင်ရေး အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးသွားကြရန်တိုက်တွန်း လိုပါ ကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက်တွင် ကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးက ကော်မတီ၏ ဆောင်ရွက်မှုတိုးတက်မှုများ ကိုဆွေးနွေးရာတွင် နိုင်ငံသားစိစစ်ရေးနှင့် မွေးစာရင်းထုတ်ပေးရေးအတွက် ရွေ့လျားအဖွဲ့ (Mobile Team)ဖြင့် စေလွှတ်ဆောင်ရွက်အောင်မြင်မှုများ၊ ပညာရေးကဏ္ဍတွင် ပညာသင်ဆုများပေးအပ်နိုင်ရေးဆောင်ရွက်နေမှုအခြေအနေများနှင့် Medium Term Projects များနှင့် ပတ်သက်၍ နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ (TWG)တွင် ဆွေးနွေးဆောင်ရွက်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက်တွင် ကော်မတီ တွဲဖက် အတွင်းရေးမှူးနှင့် တက်ရောက်လာကြသော ကော်မတီဝင်များက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး၊ တင်ပြချက်များအပေါ် ကော်မတီဥက္ကဋ္ဌက ညှိနှိုင်းဆွေးနွေးပြီးအစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Source: MOSWRR

#hl1
#hl2
#npw_jan2020

Sign Up

Upcoming Events