လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံ ငွေဖြင့် ဆောင်ရွက်မည့် ခွင့်ပြုရန်ပုံငွေ (၈၄.၅၇)ကျပ်သန်းဖြင့် မြိတ်ခရိုင်ဦးစီးမှူးရုံး (၅၀’X၃၀ ‘X ၂၈’) RCC (၂) ထပ် သွပ်မိုး၊ ကွန်ကရစ်ကြမ်းခင်း၊ ရေ၊ မီး၊ မိလ္လာ အပါအဝင်ဆောက်လုပ်ခြင်း (၃, ၀၀၀ စတုရန်းပေ) လုပ်ငန်းအတွက် တင်ဒါလျှောက်ထားလာသည့် ကုမ္ပဏီ(၁)ခု၏ Profile စစ်ဆေးခြင်းနှင့် Technical Proposal တင်သွင်းခြင်းအား (၂-၁-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ သူနာပြုသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် လူမှုရေးနှင့်စည်ပင်သာယာရေး၀န်ကြီး၊ တင်ဒါကော်မတီ၀င်များ နှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#tny_jan2020
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)