အသိပညာပေးဗီနိုင်းပိုစတာ လဲလှယ်တပ်ဆင်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကောင်စီနယ်မြေအတွင်း ရာသီအလိုက်ဖြစ်ပွားတက်သော ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များကို ပြည်သူများ သိရှိစေရန်အတွက် အသိပညာပေးဗီနိုင်းပိုစတာများအား ပျဉ်းမနားမြို့၊ ရွှေညောင်ပင်ကားဂိတ်နှင့် ရွှေကြာပင်စျေးတို့တွင် (၃-၁-၂၀၂၀) ရက်နေ့၌ လဲလှယ်တပ်ဆင် ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

#ar
#npw_jan2020

Sign Up

Upcoming Events