Category Archives: News
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေ ရှားပါးမှုအခက်အခဲကြုံတွေ့နေရသော နတ်မောက်မြို့နယ်၊ တမလန်းပင်ကျေးရွာအုပ်စု၊ အင်တောရွာသစ်ကျေးရွာရှိကျေးရွာနေပြည်သူ အိမ်ခြေ (၁၆၀) လုံး၊ အိမ်ထောင်စု (၁၉၀) စု၊ လူဦးရေ (၈၅၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၁၂,၀၀၀) အား (၁၁-၁-၂၀၂၀) ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် ကျေးရွာအရောက် သောက်သုံးရေများ သွားရောက်ဖြန့်ဝေပေးခဲ့ပါ ကြောင်း သိရှိရပါသည်။ #ha_drg #mgy_jan2020 Source: မကွေးတိုင်းဒေသကြီးဦးစီမှူးရုံးမှ (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာတွင် (၁၀-၁-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀) ကျပ်၊ လူဦးရေ (၁၈) ဦးအတွက် ဆန်ရိက္ခါ (၇) ရက်စာ (၃၇,၈၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၃၇,၈၀၀) ကျပ်အား (၁၁-၁-၂၀၂၀) ရက်နေ့ (၁၁:၀၀) အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း … Read more
-
သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ကမ္ဘောဇဘဏ်လီမိတက်က ဖိုင်ဘာစက်လှေ (၉)စီးလာရောက် လှူဒါန်း
နေပြည်တော်၊ ဇန်နဝါရီ (၁၀) မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ကမ္ဘောဇဘဏ်လီမိတက်က ဖိုင်ဘာ စက်လှေတစ်စီးလျှင်ငွေကျပ် (၂,၇၅၀,၀၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၂၄.၇၅၀) သန်း တန်ဖိုးရှိ ဖိုင်ဘာစက်လှေ (၉)စီးကို ကမ္ဘောဇဘဏ်လီမိတက်၊ ဒုတိယအမှုဆောင်အရာရှိချုပ်(၁) ဦးအောင်ကျော်မျိုးက လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့မွန်းလွဲပိုင်းတွင် လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်ဝန်ကြီး ဒေါက်တာဝင်းမြတ် အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #hl1 #npw_jan2020 Source: MSWRR
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့်ဘူးသီးတောင်မြို့၊ ဂန္ဓာရီတောရပရဟိတကျောင်းတွင်ရိက္ခာထပ်မံလိုအပ်လျက် ရှိသော တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၃၀) စု၊လူဦးရေ (၁၄၆) ဦးအတွက်ဆန်ရိက္ခာ (၁) လစာဆန် (၄၅) အိတ်၊ (၁၅) ပြည်အား (၁၁-၁-၂၀၂၀) ရက်နေ့တွင် ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။ #ha_otr #rke_jan2020 Source: ဘူးသီးတောင်မြို့နယ်ဦးစီမှူးရုံးမှ (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဝန်ထမ်းများအား မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲသို့ တက်ရောက်အမှာစကား ပြောကြား
ဇန်နဝါရီ ၁၀ ၊ နေပြည်တော် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးဟောပြောပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် ပြည်သူများနှင့် အမြဲ ထိတွေ့ဆက်ဆံနေရသော ဝန်ကြီးဌာနတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူများ ကြုံတွေ့ခံစားရသော လူမှုဒုက္ခအဖြာဖြာ၊ သဘာဝကြောင့်ဖြစ်သောဘေးဒုက္ခနှင့် လူကြောင့်ဖြစ်သောဘေးဒဏ်များမှ လျော့နည်းသက်သာအောင် ဆောင်ရွက်ပေးသကဲ့သို့ လိုအပ်သောပြန်လည်ထူထောင်ရေးလုပ်ငန်း များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် အဖက်ဖက်ကလိုအပ်ချက်များပြားပါ ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် ဖွံ့ဖြိုးမှုများနှောင့်နှေးလျက်ရှိကြောင်း၊ လူသားစွမ်းရည် အရင်းအမြစ်များနှင့်နည်းပညာများလည်း … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၁-၂၀၁၉) ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းစိန်ရွာသစ်ကျေးရွာအုပ်စု၊ ဂျိုင်းကျေးရွာတွင် မီးလောင်မှု မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ လူဦးရေ (၈) ဦးတို့အတွက် (၇) ရက်စာဆန်ဖိုးငွေ (၁၆,၈၀၀) ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၂၁၆,၈၀၀) ကျပ်အား လည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ အိမ်ထောင်စု (၁) စုစာ (တန်ဖိုးငွေ-၄၀,၃၅၃) ကျပ်အား … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီမှူးရုံးမှတာဝန်ရှိသူများသည် (၉-၁-၂၀၂၀) ရက်နေ့တွင် မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်တွင် မီးလောင်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀ဝ) ကျပ်၊ ဘေးသင့်လူဦးရေ (၃) ဦးအတွက် (၇) ရက်စာဆန်ဖိုးငွေ (၆,၃၀ဝ) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး အိမ်ထောင်စု (၁) စုစာ၊ family kit (၁) ထုပ်အား (၁၀-၁-၂၀၂၀) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် … Read more
-
မုန်တိုင်းဘေးအသိပညာပေးဗီနိုင်းပိုစတာစိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေးမြို့နယ်အတွင်း သဘာဝဘေးဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေး ပြည်သူများအား သဘာဝဘေး အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဆောင်ရန်/ရှောင်ရန်အချက်များကို သိရှိစေနိုင်ရန် အတွက် (၁၁-၁-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက်၊ ပြည်သူ့ရင်ပြင်လမ်းထောင့်နေရာ၌ မုန်တိုင်းဘေးဗီနိုင်းပိုစတာဆိုင်းဘုတ်အား စိုက်ထူခဲ့ပါ ကြောင်း သိရှိရပါသည်။ #mon_jan2020 Source: ရေးမြို့နယ်ဦးစီးမှူးရုံးမှ (ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဗီနိုင်းပိုစတာစိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၀-၁-၂၀၂၀) ရက်နေ့၊ နံနက် (၁၁) နာရီ အချိန်တွင် ဝေါမြို့နယ်၊ စည်ပင်သာယာမြို့မစျေးရှေ့၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးမြေစိုက်ဆိုင်းဘုတ်တစ်ခုအား ဝေါမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ စိုက်ထူခဲ့ပါကြောင်းသိရှိရပါသည်။ #bgo_jan2020 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀ – ၁ -၂၀၂၀ )ရက်နေ့တွင် ဝေါမြို့နယ်၊အေးချမ်းသာယာရပ်ကွက်၊ အောင်မင်္ဂလာ (၂) လမ်းတွင် ဖြစ်ပွားခဲ့သောမီးဘေးမှ ပျက်စီးနေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ ငွေ (၉၀၀,၀၀၀)ကျပ်၊ လူဦးရေ (၁၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၉,၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၂၉,၄၀၀) ကျပ်နှင့် ထောက်ပံ့ရေးပစ္စည်း (၁၉) မျိုး ၊(၅) အိမ်ထောင်စာတန်ဖိုးငွေ … Read more









