နေပြည်တော်၊ ဇန်နဝါရီ (၁၀)
မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ကမ္ဘောဇဘဏ်လီမိတက်က ဖိုင်ဘာ စက်လှေတစ်စီးလျှင်ငွေကျပ် (၂,၇၅၀,၀၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၂၄.၇၅၀) သန်း တန်ဖိုးရှိ ဖိုင်ဘာစက်လှေ (၉)စီးကို ကမ္ဘောဇဘဏ်လီမိတက်၊ ဒုတိယအမှုဆောင်အရာရှိချုပ်(၁) ဦးအောင်ကျော်မျိုးက လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့မွန်းလွဲပိုင်းတွင် လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်ဝန်ကြီး ဒေါက်တာဝင်းမြတ် အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။