မုန်တိုင်းဘေးအသိပညာပေးဗီနိုင်းပိုစတာစိုက်ထူပေးမှုသတင်း

11-1-2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေးမြို့နယ်အတွင်း သဘာဝဘေးဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေး ပြည်သူများအား သဘာဝဘေး အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဆောင်ရန်/ရှောင်ရန်အချက်များကို သိရှိစေနိုင်ရန် အတွက် (၁၁-၁-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက်၊ ပြည်သူ့ရင်ပြင်လမ်းထောင့်နေရာ၌ မုန်တိုင်းဘေးဗီနိုင်းပိုစတာဆိုင်းဘုတ်အား စိုက်ထူခဲ့ပါ ကြောင်း သိရှိရပါသည်။

#mon_jan2020
Source: ရေးမြို့နယ်ဦးစီးမှူးရုံးမှ (ဘစမ)

Sign Up

Upcoming Events