မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

11-1-2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီမှူးရုံးမှတာဝန်ရှိသူများသည် (၉-၁-၂၀၂၀) ရက်နေ့တွင် မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်တွင် မီးလောင်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀ဝ) ကျပ်၊ ဘေးသင့်လူဦးရေ (၃) ဦးအတွက် (၇) ရက်စာဆန်ဖိုးငွေ (၆,၃၀ဝ) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး အိမ်ထောင်စု (၁) စုစာ၊ family kit (၁) ထုပ်အား (၁၀-၁-၂၀၂၀) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် ပြည့်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

#ha_fir
#krn_jan2020
Source: မြဝတီခရိုင်ဦးစီမှူးရုံးမှ (ဘစမ)

Sign Up

Upcoming Events