လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀ – ၁ -၂၀၂၀ )ရက်နေ့တွင် ဝေါမြို့နယ်၊အေးချမ်းသာယာရပ်ကွက်၊ အောင်မင်္ဂလာ (၂) လမ်းတွင် ဖြစ်ပွားခဲ့သောမီးဘေးမှ ပျက်စီးနေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ ငွေ (၉၀၀,၀၀၀)ကျပ်၊ လူဦးရေ (၁၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၉,၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၂၉,၄၀၀) ကျပ်နှင့် ထောက်ပံ့ရေးပစ္စည်း (၁၉) မျိုး ၊(၅) အိမ်ထောင်စာတန်ဖိုးငွေ (၁၉၁,၇၆၅) ကျပ်တို့အား ဘေးသင့်ပြည်သူများလက်ဝယ် အရောက်သွား ရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
#ha_fir
#bgo_jan2020
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)