Category Archives: News
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နန့်ခင့်ကျေးရွာအုပ်စု၊ အင်းရွာကျေးရွာ၌ (၁၃-၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံးအတွက် Family Kits (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀/-) ကျပ်တို့အား (၁၅-၁-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာအုပ်စု၊ ရေဆန် ကျေးရွာ၌ (၁-၁-၂၀၂၀) ရက်နေ့၌ လေပြင်းများတိုက်ခတ်ခြင်းကြောင့် အမိုးလန်ပျက်စီးခဲ့သော နေအိမ် (၁၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၄၆,၅၀ဝ/-) ကျပ်၊ လူဦးရေ (၄၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃) ရက်စာ (၃၆,၀၀ဝ/-) ကျပ်နှင့် ပြိုကျနေအိမ် (၁) လုံးအတွက် Unicef Family kit (၁) ပုံးတို့အား (၁၄-၁-၂၀၂၀) ရက်နေ့ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာအထူးကိုယ်စားလှယ် Ms. Virginia Gamba နှင့်အဖွဲ့အား လက်ခံတွေ့ဆုံမှုသတင်း
ဇန်နဝါရီ ၁၅၊ နေပြည်တော် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာအထူးကိုယ်စားလှယ် Ms. Virginia Gamba နှင့်အဖွဲ့အား ယနေ့ နံနက် ပိုင်းတွင် အဆိုပါဝန်ကြီးဌာန မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ကလေးသူငယ်များနှင့်လက်နက်ကိုင် ပဋိပက္ခဆိုင်ရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အထူး ကိုယ်စားလှယ်၏ ၂၀၁၈ ခုနှစ်၊ မေလ က လာရောက်ခဲ့သော ခရီးစဉ်နှင့် ယခုခရီးစဉ်အကြား များစွာသော တိုးတက်မှုများရှိပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ … Read more
-
အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁-၂၀၂၀) ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ညောင်တုန်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ပူးပေါင်းကျင်းပသည့် ကလေးစာပေပွဲတော်သို့ တက်ရောက်လာကြသည့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘပြည်သူများအား သဘာဝဘေးအသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_jan2020
-
တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့ပေါ်ရှိ လမ်းမဘုန်းတော်ကြီးကျောင်း၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်းနှင့် ဘူးသီးတောင်မြို့နယ်စေတီတောင် ကျေးရွာ၊ ဖုံညိုလိပ်(ဘင်္ဂါလီ) ကျေးရွာ စုစုပေါင်း ရပ်စခန်း (၄) ခုတွင် ရိက္ခာထပ်မံလိုအပ်လျက်ရှိသော တိုက်ပွဲ ရှောင် အိမ်ထောင်စု(၁၂၁၁) စု၊ လူဦးရေ (၅၄၇၆) ဦးတို့အတွက် ဆန်ရိက္ခာ (၂) ပါတ်စာ (၇၉၈) အိတ်၊ (၁၄) ပြည်တို့အား (၁၅-၁-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်မော်မြို့နယ်၊ ကောင်းစင့်ကျေးရွာ၌ (၁၃-၁-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ အိမ်ထောင်စု (၁) စုအတွက် ပြောင်းရွှေ့စရိတ် (၁၀၀,၀၀၀/-)ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀/-) ကျပ်တို့အား (၁၅-၁-၂၀၂၀) ရက်နေ့၊ (၁၂:၁၅) နာရီအချိန်တွင် ဘေးသင့်ပြည်သူ များ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁-၂၀၂၀ ) ရက်နေ့ ( ၁၆ : ၀၀ ) နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပီတူးကျေးရွာအုပ်စု၊ ကွင်းအမှတ် ( ၆၅၂ – က ) တွင် ဖြစ်ပွားခဲ့သောမီးဘေးမှ ပျက်စီး နေအိမ် (၂) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ်၊ ပျက်စီး နေအိမ် (၂) လုံးရှိ လူဦးရေ (၇) … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးမှုအခက်အခဲ ကြုံတွေ့နေရသော မကွေးမြို့နယ် ၊ကြာကန်ကျေး ရွာအုပ်စု၊ ကျူချောင်းရွာသစ်ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၇၁) လုံး၊ အိမ်ထောင် စု (၇၁) စု၊ လူဦးရေ (၄၄၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၁၅ – ၁-၂၀၂၀) ရက်နေ့ ( ၉ : ၃၀ ) နာရီအချိန်တွင် ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ပါ … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁-၂၀၂၀) ရက်နေ့တွင် မြောင်းမြမြို့နယ်၊ ရန်ကုန်-မြောင်းမြ-လပွတ္တာ အဝေးပြေးလမ်းမ၊ မီတာ (၄၀၀) ကားဝန်းအနီးတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးဆိုင်းဘုတ်အား စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #ayy_jan2020
-
မိုင်းထိပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက( ၁၂- ၁ -၂၀၂၀) ရက်နေ့၊ (၀၃:၃၀) အချိန်တွင် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ မိုင်းဆန်းမြိုင် ရပ်ကွက်တွင် နေထိုင်သည့် ဦးမောင်အုန်းတင်သည် ဖာပွန်မြို့နယ်၊ ကန်ညီနောင်ကျေးရွာသို့ သွားရောက်၍ ဝါးခုတ်နေစဉ် မိုင်းဟောင်း(၁)လုံး နင်းမိပြီး ပေါက်ကွဲခဲ့ရာ ဒဏ်ရာရရှိခဲ့ပါ သည်။ အဆိုပါ မိုင်းနင်းမိ၍ ဒဏ်ရာရရှိသူ(၁) ဦးအား ကရင်ပြည်နယ် လူမှုရေးဝန်ကြီး နှင့်အတူ (၁၄-၁-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) အချိန်တွင် ကရင်ပြည်နယ်၊ … Read more









