တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့ပေါ်ရှိ လမ်းမဘုန်းတော်ကြီးကျောင်း၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်းနှင့် ဘူးသီးတောင်မြို့နယ်စေတီတောင် ကျေးရွာ၊ ဖုံညိုလိပ်(ဘင်္ဂါလီ) ကျေးရွာ စုစုပေါင်း ရပ်စခန်း (၄) ခုတွင် ရိက္ခာထပ်မံလိုအပ်လျက်ရှိသော တိုက်ပွဲ ရှောင် အိမ်ထောင်စု(၁၂၁၁) စု၊ လူဦးရေ (၅၄၇၆) ဦးတို့အတွက် ဆန်ရိက္ခာ (၂) ပါတ်စာ (၇၉၈) အိတ်၊ (၁၄) ပြည်တို့အား (၁၅-၁-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#otr
#rke_jan2020

Sign Up

Upcoming Events