လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာအုပ်စု၊ ရေဆန် ကျေးရွာ၌ (၁-၁-၂၀၂၀) ရက်နေ့၌ လေပြင်းများတိုက်ခတ်ခြင်းကြောင့် အမိုးလန်ပျက်စီးခဲ့သော နေအိမ် (၁၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၄၆,၅၀ဝ/-) ကျပ်၊ လူဦးရေ (၄၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃) ရက်စာ (၃၆,၀၀ဝ/-) ကျပ်နှင့် ပြိုကျနေအိမ် (၁) လုံးအတွက် Unicef Family kit (၁) ပုံးတို့အား (၁၄-၁-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် ကျောက်မဲမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ပြည်သူများလက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#shn_jan2020