လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးမှုအခက်အခဲ ကြုံတွေ့နေရသော မကွေးမြို့နယ် ၊ကြာကန်ကျေး ရွာအုပ်စု၊ ကျူချောင်းရွာသစ်ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၇၁) လုံး၊ အိမ်ထောင် စု (၇၁) စု၊ လူဦးရေ (၄၄၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၁၅ – ၁-၂၀၂၀) ရက်နေ့ ( ၉ : ၃၀ ) နာရီအချိန်တွင် ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
#mgy_jan2020
မကွေးတိုင်းဒေသကြီးဦးစီမှူးရုံးမှ (ဘစမ)