မီးဘေးထောက်ပံ့မှုသတင်း

15_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁-၂၀၂၀ ) ရက်နေ့  ( ၁၆ : ၀၀ ) နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပီတူးကျေးရွာအုပ်စု၊ ကွင်းအမှတ် ( ၆၅၂ – က ) တွင် ဖြစ်ပွားခဲ့သောမီးဘေးမှ ပျက်စီး နေအိမ် (၂) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ်၊ ပျက်စီး နေအိမ် (၂) လုံးရှိ လူဦးရေ (၇) ဦး အတွက် ဆန်ရိက္ခာ( ၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၄,၇၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ( ၂၁၄,၇၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး (ပလပ်စတစ်ပုံးအပါ)၊ အိမ်ထောင်စု (၂) စုစာအား ( ၁၅ – ၁ – ၂၀၂၀ ) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

#ha_fir

#bgo_jan2020

Source: တောင်ငူခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events